Wednesday, December 19, 2007

တစ်နေ့တန် (၅၀၀)ကျ မှန်စက်ရုံစီမံကိန်း စာချုပ်ချုပ်ဆို

၅-၁၂-၂၀၀၇ ရက်နေ့တွင် နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်တွင် တစ်နေ့တန် (၅၀၀)ကျ မှန်စက်ရုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ မြန်မာ့ကြွေထည်မြေထည် လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီနှင့် China CAMC Engineering Co.,Ltd နှင့် President Ms.Luo Yan တို့က လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည်။ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးအောင်သောင်း၊ ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ China CAMC Engineering Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဝန်ကြီးဦးအောင်သောင်း အဆင့်မြင့်ကြွေသီးစက်ရုံစီမံကိန်း(ချောက်)သို့ ကြည့်ရှုစစ်ဆေးခြင်း

၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းသည် မကွေးတိုင်း၊ ချောက်မြို့နယ်၊ ချောက်မြို့၏အနောက်တောင်ဘက် ၄ မိုင်အကွာတွင်တည်ရှိသော မြန်မာ့ကြွေထည် မြေထည်လုပ်ငန်း အဆင့်မြင့်ကြွေသီးစက်ရုံစီမံကိန်း (ချောက်)သို့ ရောက်ရှိပြီး စက်လည်ပတ်ရာတွင် အသုံးပြုမည့် မြေဖယောင်း၊ မြေဖြူစေး၊ သဲ၊ မြေဖြူဖွယ်၊ ကြွေကျောက်၊ ကုန်ကြမ်းအခြေအနေနှင့် မြို့ပြဆိုင်ရာအဆောက်အဦးများ တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှု့စစ်ဆေးရာ စီမံကိန်းတာဝန်ခံများနှင့် မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးရီမှ ရှင်းလင်း ပြသသည်။
ဆက်လက်၍ ၀န်ကြီးဦးအောင်သောင်းသည် ကုန်ကြမ်းပြုပြင်မှုဌာနသို့ရောက်ရှိပြီး ကြိတ်ခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြွေကျောက်၊ သဲကျောက် Tank များတပ်ဆင်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ကြွေရည်အစိမ်းမွှေစက် (Flip Blunger) ကြွေသားရည်ကြိတ်စက်၊ ကြွေသားအနှစ်စစ်စက်၊ ကြွေသားအစိမ်းတောင့်ညှစ်စက်များ တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ် လည်ပတ်နေမှု အခြေအနေများကို လည်းကောင်း၊ အဆင့်မြင့်ကြွေသီးပုံဖော်စက်ဖြင့် အဆင့်မြင့်ကြွေသီး အရွယ်အစားအမျိုးမျိုး ပုံဖော်ထုတ်လုပ်မှု အခြေအနေကို လည်းကောင်း၊ ကြွေသီး အခြောက်ခံစက် Auto Glazing Section ရှိ အလိုအလျောက် ကြွေရည်တင်စက်၊ ကြွေသီးဖုတ်မီးဖိုနှင့် ထိန်းချုပ်ခန်းများ တပ်ဆင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ၀န်ကြီးဦးအောင်သောင်းသည် Testing Room သို့ ရောက်ရှိပြီး Hydraulic Water Test String Test၊ Impulse Voltage Testing Electro Mechanical Testing စမ်းသပ်ပစ္စည်းတပ်ဆင် ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု့ခဲ့သည်။ ထို့နောက် Control Room ရှိ High Voltage Panel တပ်ဆင်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှု့စစ်ဆေးပြီး ၀န်ကြီးမှ သတ်မှတ် ကာလအတွင်း စက်ရုံ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းကိုက်ညီသော အဆင့်မြင့် ကြွေသီးများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး နိုင်ငံခြားသား ပညာရှင်များအား သစ်သီးခြင်း လက်ဆောင် ပေးအပ်ခဲ့ပါသည်။